ရှီကျင့်ဖိန်သည် ဘိုင်ဒန်နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2022-11-14 22:23:33  

နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် အမေရိကန်သမ္မတဘိုင်ဒန်နှင့် တွေ့ဆုံခဲ့ပါသည်။

    ရှီကျင့်ဖိန်က မိမိအနေနှင့် တရုတ်-အမေရိကန်ဆက်ဆံရေးမှာ မဟာဗျူဟာကျသော ကိစ္စရပ်များနှင့် ကမ္ဘာနှင့် ဒေသတွင်း အဓိကကိစ္စများနှင့်ပတ်သက်၍ သမ္မတနှင့် ပွင့်ပွင့်လင်းလင်း နက်နက်နဲနဲ အမြင်ချင်း ဖလှယ်လိုကြောင်း၊ တရုတ်-အမေရိကန်ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်း ပေါ်သို့ ပြန်လည်ရောက်ရှိစေပြီး နှစ်နိုင်ငံနှင့်ကမ္ဘာကို အကျိုးဆောင်ရန် သမ္မတနှင့် လက်တွဲ ဆောင်ရွက် သွားရန်လည်း မျှော်လင့်ကြောင်း ပြောကြားပါသည်။

     ဘိုင်ဒန်က တရုတ်နှင့်အမေရိကန်ကြား ကွဲပြားမှုများကို စီမံခန့်ခွဲရန်၊ ပြိုင်ဆိုင်မှုကို ပဋိပက္ခအဖြစ်သို့ ပြောင်းလဲခြင်းမှ တားဆီးရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများရှာဖွေပြီး ပူးပေါင်းဆောင်ရွက်သည့် စွမ်းရည်ကို ပြသရန် ကျွန်ုပ်တို့တွင် တာဝန်ရှိကြောင်း၊ သမ္မတရှီကျင့်ဖိန်နှင့် အရင်ကလို ပွင့်ပွင့်လင်းလင်း ဆက်ပြီး ဆွေးနွေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။