ပြင်သစ်နိုင်ငံရှိ အဆောက်အအုံနှစ်ခုပြိုကျ၊ တစ်ဦးဒဏ်ရာရရှိ၊ တစ်ဦး ပျောက်ဆုံး

(GMT+08:00)2022-11-13 15:24:48  

ဒေသစံတော်ချိန် ၁၂ ရက်နေ့က ပြင်သစ်နိုင်ငံ မြောက်ပိုင်း Lille မြို့တွင် အဆောက်အဦ ၂ခု ပြိုကျခဲ့ပါသည်။ အဆိုပါ မတော်တဆမှုတွင် လူတစ်ဦးဒဏ်ရာရရှိပြီး တစ်ဦး ပျောက်ဆုံးနေကာ လောလောဆယ်တွင် သေဆုံးသူမရှိသေးကြောင်း ဒေသဆိုင်ရာ မီးသတ်ဌာနက ပြောကြားပါသည်။ ယခုအခါ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ်သည်။