အမေရိကန် တက္ကဆက်တွင် လေယာဉ်နှစ်စင်း တိုက်မိပြီး ပျက်ကျ

(GMT+08:00)2022-11-13 15:28:44  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၂ ရက်နေ့က အမေရိကန် ပြည်ထောင်စု လေကြောင်းစီမံခန့်ခွဲရေးဌာန (FAA) မှသတင်းအရ တက္ကဆက်ပြည်နယ် တာလားစ်စီမံခန့်ခွဲရေးလေဆိပ်၌ ကျင်းပသော လေကြောင်းပြပွဲတစ်ခုတွင် လေယာဉ်နှစ်စင်းတိုက်မိပြီး ပျက်ကျခဲ့ကြောင်း၊ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများက အခင်း ဖြစ်ပွားရာသို့သွားရောက်ပြီး ကူညီကယ်ဆယ်မှုများဆောင်ရွက်ခဲ့ကြောင်း၊ ယခုထိ အသေအပျောက် အခြေအနေများကို မသိရသေးကြောင်း သိရပါသည်။