Kerch Strait တံတား ပြန်လည်ဖွင့်လှစ်ဟု ရုရှားမီဒီယာဆို

(GMT+08:00)2022-11-13 15:27:35  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၃၀ က  Kerch Strait တံတား မွမ်းမံမှု ပြီးစီးပြီဖြစ်ပြီး ထိုနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း တာ့စ်သတင်းဌာနမှ သတင်းအရ သိရပါသည်။ ယင်းတံတားကို မွမ်းမံခြင်းကြောင်း ယခင်က ယာယီ ပိတ်ဆို့ ခဲ့ရသည်။ အောက်တိုဘာလ ၈ ရက်နေ့တွင် ကုန်တင်ကားတစ်စီး Kerch Strait တံတားကို ဖြတ်ကျော်ခဲ့ပြီးနောက် ဗုံးဖောက်ခွဲခဲ့ရာ ယင်းတံတားမော်တော်ကားလမ်း တစ်စိတ်တစ်ပိုင်း ပျက်စီး ပြိုကျခဲ့ခြင်းဖြစ်သည်။