တရုတ်(ကွမ်ရှီး)-အာဆီယံခေတ်မီမျိုးစေ့လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးညီလာခံကို နန်နင်းမြို့တွင် ကျင်းပပြီး ထူခြားချက်ပါသော သီးနှံမျိုးပေါင်း ၁၅၇၄ မျိုး ပြသ

(GMT+08:00)2022-11-13 15:32:57  

နိုဝင်ဘာလ ၁၂ ရက်နေ့တွင် နှစ်ရက်ကြာကျင်းပမည့် တတိယအကြိမ်မြောက် တရုတ်(ကွမ်ရှီး)-အာဆီယံခေတ်မီမျိုးစေ့လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးညီလာခံကို နန်နင်းမြို့၌ စတင် ဖွင့်လှစ်ခဲ့ပါသည်။ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံမှ လုပ်ငန်းကုမ္ပဏီပေါင်း ၃၅၈ ခုမှ ဆန်စပါး၊ ပြောင်းဖူး၊ ကြံ၊ ကန်စွန်းဥ၊ တရုတ်ရိုးရာ ဆေးဖက်ဝင်ပစ္စည်းများ၊ စားသုံးနိုင်သော မှို အပါအဝင် ထူးခြားချက်ပါသော သီးနှံမျိုးပေါင်း ၁၅၇၄ မျိုးနှင့် ဒေသထွက် အရည်အသွေးကောင်းမွန်သော မျိုးစေ့များနှင့် ပျိုးပင်များ၊ ထုတ်ကုန်များကို ပြသထားပါသည်။