ရှီကျင့်ဖိန်သည် မျိုးစပ်ဆန်စပါး နိုင်ငံခြားအကူအညီနှင့် ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးဆိုင်ရာ နိုင်ငံတကာဖိုရမ်သို့ စာရေးပြီး မိန့်ခွန်းပြောကြား

(GMT+08:00)2022-11-13 15:23:51  

ယခုလ ၁၂ ရက်နေ့က တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် မျိုးစပ်ဆန်စပါး နိုင်ငံခြားအကူအညီနှင့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ နိုင်ငံတကာဖိုရမ်သို့ စာရေးပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။

စားနပ်ရိက္ခာဖူလုံမှုသည် လူသားများ အသက်ရှင်ရပ်တည်ရေးနှင့်ပတ်သက်သည့် အခြေခံပြဿနာ ဖြစ်ကြောင်း၊ လွန်ခဲ့သည့်ရာစုနှစ်တစ်ဝက်ခန့်က မျိုးစပ်ဆန်စပါးသည် တရုတ်နိုင်ငံ၌ အောင်မြင်စွာ သုတေသနပြု ဖေါ်ထုတ်ပြီး ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်နိုင်ခဲ့ကာ ကမ္ဘာ့လူဦးရေ ငါးပုံတစ်ပုံနီးပါး၏ အစားအစာ ပြဿနာကို ဖြေရှင်းနိုင်ခဲ့ကြောင်း၊ ၁၉၇၉ ခုနှစ်မှစ၍ မျိုးစပ်ဆန်စပါးသည် တိုက်ကြီး ငါးတိုက်ရှိ နိုင်ငံပေါင်း ၇၀ နီးပါးသို့ ဖြန့်ကြက်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ စားနပ်ရိက္ခာပြတ်လပ်မှုပြဿနာကို ဖြေရှင်းရန် တရုတ်နည်းလမ်းကို ပံ့ပိုးခဲ့ကြောင်း ရှီကျင့်ဖိန်က ပြောကြားပါသည်။

စပ်မျိုးဆန်နိုင်ငံခြားအကူအညီနှင့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ နိုင်ငံတကာဖိုရမ်ကို ထိုနေ့တွင်ပင် ပီကင်း၌ ကျင်းပခဲ့သည်။