အမေရိကန်မှ အကြီးစား IT ကုမ္ပဏီအချို့ ၀န်ထမ်းများစွာကို အလုပ်ဖြုတ်

(GMT+08:00)2022-11-13 15:26:25  

ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးအခြေအနေဆိုးဝါးနေခြင်းကြောင့် အမေရိကန်နိုင်ငံမှ အကြီးစား IT ကုမ္ပဏီအချို့သည် ဝန်ထမ်းများကိုအလုပ်ဖြုတ်ရန် သို့မဟုတ် ဝန်ထမ်း အလုပ်ခန့်အပ်ခြင်း ယာယီရပ်စဲရန် ကြေညာလာကြသည်။

Facebook ကိုပိုင်ဆိုင်သော Meta ကုမ္ပဏီမှ CEO ဖြစ်သူ MarkZuckerberg က ဝန်ထမ်းများထံသို့ စာပေးပို့ခဲ့ရာ မိမိတို့အဖွဲ့ကို ၁၃ ရာခိုင်နှုန်းလျှော့ချရန် ဆုံးဖြတ်နေပြီ ဖြစ်ပြီး ဝန်ထမ်း ၁၁၀၀၀ ကျော်ကိုလည်း အလုပ်ဖြုတ်မည်ဖြစ်ကြောင်း ရေးသားသည်။

အမေရိကန် လုပ်ငန်းရှင် ElonMusk ကလည်း မကြာခင်ရက်များက နာမည်ကျော် လူမှုကွန်ယက်ပလက်ဖေါင်း Twitter ကိုဝယ်ယူပြီးနောက် လက်ရှိ ငွေကြေးဆုံးရှုံးမှုနှင့် ကြွေးမြီပြဿနာများကိုဖြေရှင်းရန်အတွက် ပမာဏ ကြီးမားစွာ အလုပ်ဖြုတ်မည့် အစီအစဉ် ကို ကြေညာခဲ့သည်။ ယင်းအလုပ်ဖြုတ်မည့် အစီအစဉ်အရ ဝန်ထမ်း ၅၀ ရာခိုင်နှုန်းခန့် အလုပ်ဖြုတ်ခံရမည်ဖြစ်ပြီး ၀န်ထမ်း ၃၇၀၀ ခန့် ပါဝင်ကြောင်း သတင်းအရ သိရပါသည်။