တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် G20 ခေါင်းဆောင်များ ၁၇ ကြိမ်မြောက် ထိပ်သီးအစည်းအဝေး၊ အေပက်အဖွဲ့ ၂၉ ကြိမ်မြောက်ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေသို့ တက်ရောက်ရန်နှင့် ထိုင်းနိုင်ငံသို့ ခရီးလှည့်လည်ရန် နိုင်ငံတကာအသိုင်းအဝိုင်းက မျှော်လင့်

(GMT+08:00)2022-11-13 15:30:09  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင်ကျင်းပမည့် G20 ခေါင်းဆောင်များ ၁၇ ကြိမ်မြောက် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် အေပက်အဖွဲ့ ၂၉ကြိမ်မြောက်ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေသို့ တက်ရောက်ပြီး ထိုင်းနိုင်ငံတွင် ခရီးလှည့်လည်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

နိုင်ငံတကာအသိုက်အဝန်းက သမ္မတရှီကျင့်ဖိန်၏ခရီးစဉ်ကို အလွန်အာရုံစိုက်ကြပါသည်။ ကမ္ဘာ့စီးပွါးရေးတိုးတက်မှုမြှင့်တင်ရေး၊ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုကောင်းမွန်စေရေးနှင့် အာရှ-ပစိဖိတ်ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရေးဆိုင်ရာ သမ္မတ ရှီကျင့်ဖိန်၏ အရေးကြီးသော အဆိုပြုချက်များကို နားထောင်ရန် စောင့်မျှော်လျက်ရှိကြောင်း၊ ခရီးစဉ်သစ်တွင် တရုတ်နိုင်ငံသည်  ဘက်အသီးသီးတို့၏ သဘောတူညီမှုများကို ဆက်လက် မြှင့်တင်ပြီး ကမ္ဘာလုံး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို ရှေ့သို့ချီတက်ရန်အတွက် လက်တွဲတွန်းအားပေးမည်ဟု မျှော်လင့်ကြောင်း နိုင်ငံခြားပုဂ္ဂိုလ်များက ပြောကြားခဲ့သည်။