၂၀၂၁ခုနှစ် တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီသည် ပြည်ပရင်းနှီးမြှုပ်နှံမှု အသားတင်အမြတ်နှုန်း ၁၄.၂၇ ရာခိုင်နှုန်းရရှိ

(GMT+08:00)2022-11-12 14:03:01  

      နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တရုတ်နိုင်ငံတော်ပိုင်ကုမ္ပဏီဖြစ်သည့် တရုတ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်သည် ၂၀၂၁ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါသည်။

      အဆိုပါ အစီရင်ခံစာအရ အမေရိကန် ဒေါ်လာနှင့်တွက်ချက်ပါက တရုတ် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီသည် ပြည်ပရင်းနှီးမြှုပ်နှံမှု အသားတင်အမြတ်နှုန်း ၁၄.၂၇ ရာခိုင်နှုန်း ရရှိခဲ့ပြီး လွန်ခဲ့သည့် ၁၀နှစ်အတွင်း နှစ်စဉ် အသားတင်အမြတ်နှုန်း ၈.၇၃ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် နှစ်ကုန်အထိ တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီသည် ဓနဥစ္စာပိုင်ဆိုင်မှုပမာဏ စုစုပေါင်းအမေရိကန် ဒေါ်လာ ၁၃၅၀ ဘီလီယံရှိပြီး အသားတင် ဓနဥစ္စာပိုင်ဆိုင်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၁၂၅၀ ဘီလီယံရှိကြောင်းသိရပါသည်။