Tianzhou-5 ကုန်တင်အာကာသယာဉ်လွှတ်တင်ရေးတာဝန်သည် ပြီးပြည့်စုံသော အောင်မြင်မှုရရှိ

(GMT+08:00)2022-11-12 12:19:08  

      ပီကင်းစံတော်ချိန် နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ ၃ မိနစ်တွင် Tianzhou-5 ကုန်တင်အာကာသယာဉ်ကို တင်ဆောင်လာသော Long March 7 Yao 6 ဒုံးပျံသည် တရုတ်နိုင်ငံ ဝင်ချမ်းအာကာသလွှတ်တင်ရေးစခန်း၌ လွှတ်တင်ခဲ့ပြီး ၁၀ မိနစ်ခန့်ကြာပြီးနောက် Tianzhou-5 ကုန်တင် အာကာသယာဉ်နှင့် ဒုံးပျံကို အောင်မြင်စွာခွဲထုတ်ပြီး သတ်မှတ်ထားသော ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာဝင်ရောက်ပြီး အာကာသယာဉ်၏ ဆိုလာပြား (Solar array) သည် ချောမွေ့စွာ လုပ်ငန်း ဆောင်ရွက်ကာ လွှတ်တင်ရေးတာဝန်မှာ ပြီးပြည့်စုံသော အောင်မြင်မှုရရှိခဲ့သည်ဟု သိရပါသည်။