Tianzhou-5 ကုန်တင်အာကာသယာဉ်နှင့် အာကာသစခန်းတို့သည် ဆုံစည်းချိတ်ဆက်မှုကို လျင်မြန်စွာ ပြီးမြောက်ခဲ့သည်

(GMT+08:00)2022-11-12 14:37:55  

      ပီကင်းစံတော်ချိန် နိုဝင်ဘာလ ၁၂ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်တွင် Tianzhou-5 ကုန်တင်အာကာသယာဉ်သည် အာကာသစခန်း Tianhe အဓိကမော်ဂျူး၏ နောက်ဘက် ဝင်ပေါက်ကို ၂နာရီအတွင်း အောင်မြင်စွာချိတ်ဆက်ခဲ့ပြီး ယင်းသည် တရုတ်အာကာသယာဉ်မှူးများက ပထမဆုံး အကြိမ်အဖြစ် အာကာသစခန်းတွင် ကုန်တင်အာကာသယာဉ် လာရောက်လည်ပတ်မှုကို ကြိုဆိုခြင်းဖြစ်သည်။