၂၅ ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားခေါင်းဆောင်များ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်၌ ကျင်းပ

(GMT+08:00)2022-11-12 12:25:27  

       ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက ၂၅ ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားခေါင်းဆောင်များအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ တက်ရောက်ကြသည့် ခေါင်းဆောင်များသည် နိုင်ငံအသီးသီးတို့အနေနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေးနှင့် စိန်ခေါ်မှုများကို လက်တွဲ ရင်ဆိုင်ဖြေရှင်းရေး စသည့် အကြောင်းအရာများကို ဆွေးနွေးနေကြသည်။