G 20 ဘာလီထိပ်သီးအစည်းအဝေး ကျင်းပမည်၊ ဘက်အသီးသီးတို့သည် ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူစေရန် သဘောတူညီမှုရရှိပြီး ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးရန် မျော်လင့်ကြောင်း တရုတ်ဆို

(GMT+08:00)2022-11-12 11:40:08  

      ယခုလ ၁၁ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ကြောင်း၊ ကျောက်လိကျန်းက တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် G20 ဘာလီထိပ်သီးအစည်းအဝေးသို့ တက်ရောက် ခြင်းသည် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံကို အောင်မြင်စွာ ကျင်းပပြီးနောက် တရုတ်ထိပ်သီး ခေါင်းဆောင်၏ ပထမဆုံးအကြိမ် ဘက်ပေါင်းစုံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက် ခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အလှည့်ကျနိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံ၏ လုပ်ငန်းများကို ထောက်ခံပြီး ဘက်အသီးသီးတို့သည် အတူတကွ နာလန်ပြန်ထူရေးနှင့် အားကောင်းစွာ နာလန်ပြန်ထူရေးကို ဆောင်ပုဒ်အဖြစ်ထားကာ ကမ္ဘာ့စီးပွားရေး နာလန် ပြန်ထူရေးကို တွန်းအားပေးခြင်းနှင့် ၂၀၂၃ ခုနှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များဆိုင်ရာ သဘောတူညီမှုများရရှိခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအား ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။