ရာသီဥတုပြောင်းလဲမှုအပေါ် တရုတ်နိုင်ငံ၏ တက်ကြွစွာ တုံ့ပြန်ဆောင်ရွက်မှုကို အထူးကျေးဇူးတင်ရှိပါကြောင်း ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဘောင်ကွန်ဗင်းရှင်း၏ အမှုဆောင်အတွင်းရေးမှူးဆို

(GMT+08:00)2022-11-12 11:41:33  

       ဒေသစံတော်ချိန် ယခုလ ၁၁ ရက်နေ့က ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဘောင် ကွန်ဗင်းရှင်း ၂၇ ကြိမ်မြောက် စာချုပ်ဝင်နိုင်ငံများအစည်းအဝေး (COP27)တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်၊ တရုတ်နိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အထူးသံတမန်ရှယ့်ကျင့်ဟွာ၊ တရုတ် ကိုယ်စားလှယ် အဖွဲ့အဖွဲ့မှူး၊ ဂေဟဗေဒနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ကျောက်ယင်းမင်နှင့် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်းအတွင်းရေးမှူးရုံးမှ အမှုဆောင်အတွင်းရေးမှူး Simon STIELL တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

         STIELL သည် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ ခိုင်မာသော ရပ်တည်ချက်နှင့် ရာသီဥတုဆိုင်ရာကတိကဝတ်များကို လက်တွေ့ကျသော လုပ်ဆောင်ချက်များအဖြစ်သို့ ပြောင်းလဲပေးသည့်စိတ်ဓာတ်ကို အထူးတန်ဖိုးထားပါသည်။ လက်ရှိတွင် နိုင်ငံတကာအသိုက်အဝန်းသည် စွမ်းအင်အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး တရုတ်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှုနယ်ပယ်တွင် သိသာသော တိုးတက်မှုများကို ဆက်လက်ရရှိလျက်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ပြောကြားပါသည်။