ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီအစည်းအဝေးကို ဦးစီးကျင်းပပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆိုင်ရာ အစီရင်ခံစာကို နားထောင်

(GMT+08:00)2022-11-12 14:02:23  

      တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီသည် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အစည်းအဝေးကိုကျင်းပပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဆိုင်ရာ အစီရင်ခံစာကိုနားထောင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန် ဆောင်ရွက်ချက်အချက် ၂၀ ကို စီမံခန့်ခွဲခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် ယင်းအစည်းအဝေးကို ဦးစီးကျင်းပပြီး အရေးပါသော မိန့်ခွန်းကို ပြောကြားခဲ့ပါသည်။

      လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် ဆက်လက် ပြောင်းလဲနေသောကြောင့် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ရောဂါ ကူးစက်နေဆဲဖြစ်ပြီး တရုတ်နိုင်ငံ ပြည်တွင်းတွင် ကူးစက်ခံရသူများလည်း အသစ်ပေါ်ပေါက်နေသေးကြောင်း၊ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ပြောင်းလဲခြင်းနှင့် ဆောင်းရာသီနှင့် နွေဦးရာသီကြောင့် ကိုဗစ်ရောဂါ ကူးစက်မှု အတိုင်းအတာ ပိုမိုကျယ်ပြန့်နိုင်ဖွယ်ရာရှိ၍ ကူးစက်မှုအခြေအနေလည်း ပြင်းထန် နေသောကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှုများကို သိပ္ပံနည်းကျ၊ တိကျမှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း အဆိုပါအစည်းအဝေးတွင် ဖော်ပြခဲ့ပါသည်။