၂၀၂၂ ကမ္ဘာ့ အင်တာနက် ကွန်ဖရင့် Wuzhen ထိပ်သီးအစည်းအဝေး ပြီးဆုံး

(GMT+08:00)2022-11-12 12:20:31  

       နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက ၂၀၂၂ ကမ္ဘာ့ အင်တာနက် ကွန်ဖရင့် Wuzhen ထိပ်သီး အစည်းအဝေးအောင်မြင်စွာ ပြီးဆုံးခဲ့သည်။ ယခုအကြိမ်အစည်းအဝေးတွင် ဖိုရမ်ခွဲ အကြိမ် ၂၀ ကျင်းပပြီး နိုင်ငံနှင့် ဒေသ ၁၂၀ မှ ဧည့်သည် ၂၁၀၀ ကျော်တို့သည် အွန်လိုင်း (သို့မဟုတ်) အော့ဖ်လိုင်းဖြင့် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း၊ ယခုအကြိမ် အစည်းအဝေးသို့ တက်ရောက်ကြသည့် ဧည်သည်ဦးရေမှာ  ကမ္ဘာ့ အင်တာနက် ကွန်ဖရင့်သမိုင်းတွင် အများဆုံးဖြစ်ကြောင်း သတင်းအရ သိရပါသည်။