ကန်၏ တရုတ်ဆိုင်ရာပြောဆိုချက်နှင့်ပတ်သက်၍ တရုတ် တုံ့ပြန်

(GMT+08:00)2022-11-11 12:38:53  

အမေရိကန်နိုင်ငံမှ တင်ပြထားသော တရုတ်နှင့် အမေရိကန်ထိပ်သီးခေါင်းဆောင်တို့သည် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ တွေ့ဆုံပွဲ ကျင်းပရန် အဆိုပြုချက်နှင့်ပတ်သက်၍ ယမန်နေ့ ၁၀ ရက်နေ့က ကျင်းပခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်-အမေရိကန်နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့သည် နည်းလမ်းအမျိုးမျိုးဖြင့် ပုံမှန်အဆက်အသွယ်ရှိကြောင်း၊ အမေရိကန်နိုင်ငံ ၏ အထက်ပါ အဆိုပြုချက်ကို တရုတ်နိုင်ငံက အလေးထားပြီး ယင်းကိစ္စနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက်တို့သည် ဆွေးနွေးနေဆဲဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအပေါ် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးပေါ်လစီနှင့် ရပ်တည်ချက်သည် တစ်လျှောက်လုံး ပွင့်ပွင့်လင်းလင်းရှိကြောင်း၊ အမေရိကန်နိုင်ငံနှင့် အပြန်အလှန် လေးစားပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ကာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အပြန်အလှန်အကျိုးရရှိစေရန် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြောင်း၊ တစ်ချိန်တည်းတွင် ကိုယ့်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှု၊ ဘေးကင်းလုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားကိုလည်း ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။