တရုတ်သမ္မတ ရှီကျင့်ဖိန်သည် ဂျီ ၂၀ ထိပ်သီးခေါင်းဆောင်များအစည်းအဝေး၊ အေပက်ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးများသို့ တက်ရောက်ပြီး ထိုင်းနိုင်ငံတွင် ခရီးလှည့်လည်မည်

(GMT+08:00)2022-11-11 17:08:05  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်ယဉ် က အင်ဒိုနီးရှား သမ္မတ Joko Widodo ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၇ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပမည့် ၁၇ကြိမ်မြောက် ဂျီ ၂၀ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း၊ ထိုင်းဝန်ကြီးချုပ် ပရာယွတ်၏ ဖိတ်ကြားချက်အရ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဘန်ကောက်မြို့တွင် ကျင်းပမည့် ၂၉ကြိမ်မြောက် အေပက်ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးသို့ တက်ရောက် ပြီး ထိုင်းနိုင်ငံတွင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း၊ အစည်းအဝေးကျင်းပစဉ် အတောအတွင်း သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်သမ္မတ မက်ခရွန်၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဆီနီဂေါသမ္မတ Macky Sall၊ အာဂျင်တီးနားသမ္မတ Alberto Fernandez နှင့် အသီးသီး တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။