ဟန်ဂေရီနိုင်ငံသည် ကြက်ဥနှင့် အာလူးများကို ကန့်သတ်ဈေးနှုန်းရှိသော အစားအသောက်များစာရင်းတွင် ထည့်ထား

(GMT+08:00)2022-11-11 12:42:40  

ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီး Gujas က ဟန်ဂေရီအစိုးရအနေနှင့် ကြက်ဥနှင့် အာလူးများကို ကန့်သတ်ဈေးနှုန်းရှိသော အစားအသောက်များစာရင်းတွင် ထည့်ထားရန် ဆုံးဖြတ်လိုက်ကြောင်း ယခုလ ၉ ရက်နေ့က ကြေညာခဲ့သည်။ ဟန်ဂေရီ ဗဟိုစာရင်းအင်း ဦးစီးဌာနမှ ၉ရက်နေ့က ထုတ်ပြန်ခဲ့သည့် စာရင်းအရ ပြီးခဲ့သည့် လများအတွင်း ဟန်ဂေရီ အာလူးနှင့် ကြက်ဥဈေးနှုန်းများသည် သိသိသာသာ မြင့်တက်လာပြီး၊ အောက်တိုဘာလ တွင် ကြက်ဥဈေးနှုန်းသည် ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၈၇.၉ ရာခိုင်နှုန်း တိုးလာသကဲ့သို့၊ အာလူးဈေးနှုန်းသည် ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ရာခိုင်နှုန်း၅၀ ကျော် တိုးလာခဲ့သည်ဟု သိရသည်။