ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသုံးပြုမည့်ဘောလုံးများသည် ၅ ကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲ(5th CIIE) တွင် လူအများ၏ အာရုံစိုက်မှု ခံရ

(GMT+08:00)2022-11-11 12:41:51  

ယခုလ ၉ ရက်နေ့က ၅ ကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲကို ရှန်ဟိုင်းမြို့ရှိ အမျိုးသားပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပခဲ့သည်။ အချင်း ၂.၂ မီတာရှိသော ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ တရားဝင်ပွဲစဉ်အတွက် ဘောလုံးတစ်လုံးကို အားကစားပစ္စည်းများနှင့် ပွဲများကဏ္ဍ သီးသန့်ပြခန်းတွင် ပြသထားသည်။ ထို့အပြင် ပြခန်းတွင် ယခင် ကမ္ဘာ့ဖလားပြိုင်ပွဲများမှ ဘောလုံးများကို ပြသထားပြီး ပရိသတ်များ ရပ်ကြည့်မှုများသော ရေပန်းစားသော နေရာ ဖြစ်လာခဲ့သည်။