ဟာရီကိန်းNicoleသည် ကန် ဖလော်ရီဒါပြည်နယ် ကမ်းရိုးတန်းဒသသို့ ဝင်ရောက်

(GMT+08:00)2022-11-11 12:42:11  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက်နေ့က အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Daytona ကမ်းခြေ၌ ဟာရီကိန်းNicole ၀င်ရောက်ပြီးနောက် နေအိမ်အမြောက်အမြား ပြင်းထန်စွာ ပျက်စီးခဲ့ပါသည်။ အမေရိကန်နိုင်ငံတော် ဟာရီကိန်းစင်တာမှ ထုတ်ပြန်ချက်အရ Nicoleသည် အမေရိကန်အရှေ့ပိုင်းဒေသစံတော်ချိန် ၉ရက်နေ့ ညနေ ၆နာရီက Grand Bahama ကျွန်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် (၁၂၁)ကီလိုမီတာခန့် ရှိပြီး ပြင်းထန်မှုနှုန်းအတိုင်း ပထမအဆင့် ဟာရီကိန်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဟာရီကိန်းNicoleကြောင့် ဖလော်ရီဒါပြည်နယ် ဒေသများစွာ၌ ဟာရီကိန်းသတိပေးချက်ကို ထုတ်ပြန်ပြီး ယင်းပြည်နယ် ကမ်းရိုးတန်းဒေသ ၌ မိသားစု တစ်သောင်းကျော် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု ခံခဲ့ရပါသည်။