ဘင်္ဂလားဒေ့ရှ် ရိုးရာ အပြိုင်အဆိုင်ဂိမ်း ကာဘတ်ဒီ ကစားရာတွင် ပရိသတ်များ ပြည့်ကျပ်နေ

(GMT+08:00)2022-11-11 12:43:45  

ထောင်နှင့်ချီသော ပရိသတ်များ ဝိုင်းဝန်းပြည့်ကျပ်စွာ ကြည့်ရှုနေကြသော ဤ ရိုးရာအပြိုင်အဆိုင်ဂိမ်းကို ကာဘတ်ဒီဟု ခေါ်သည်။ ယင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျေးလက်ဒေသများမှ ရိုးရာဂိမ်းကစားနည်းတစ်မျိုးဖြစ်ပြီး ယင်းဂိမ်းတွင် လူတစ်ဦးသည် မိမိကိုယ်ကို ကာကွယ်သည့်တစ်ချိန်တည်းတွင်  လူများနိုင်သလောက်များအောင် အတတ်နိုင်ဆုံး ထိတွေ့ရမည့် ကစားနည်းဖြစ်ကြောင်း၊ တိုက်ခိုက်သူတစ်ဦးသာရှိပြီး ၄င်းက ထိတွေ့သူ များလာလေလေ၊ ၄င်းဘက် အင်အားကောင်းလာလေလေဖြစ်ပြီး မြန်နှုန်းနှင့် ခွန်အား နှစ်မျိုးစလုံးလိုအပ်သည့် ဂိမ်းကစားနည်းဖြစ်၍ ထောင်နှင့်ချီသော ပရိသတ်များကို  ဆွဲဆောင်လာသည်။