Yinxu ရှေးဟောင်းပစ္စည်း စူးစမ်းလေ့လာရာတွင် တိုးတက်မှုသစ်များ ရရှိ

(GMT+08:00)2022-11-11 12:41:06  

နိုဝင်ဘာလ ၁၀ ရက်နေ့က တရုတ်အမျိုးသား ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း စီမံခန့်ခွဲရေးဦးစီးဌာနသည် ပီကင်းမြို့တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြီး ဟိုနန်ပြည်နယ် အန်းယန်မြို့ရှိ Yinxu ရှေးဟောင်းပစ္စည်း စူးစမ်းလေ့လာခြင်း၊ လိပ်ခွံနှင့် တိရစ္ဆာန်အရိုးပေါ် ရေးထိုးထားသောစာ လေ့လာခြင်းဆိုင်ရာအရေးကြီးသော အောင်မြင်မှု များနှင့် တိုးတက်မှုသစ်များကို ရှင်းလင်းဖော်ပြခဲ့ပါသည်။ အစည်းအဝေးတွင် ပညာရှင်များက Yinxu လိပ်ခွံနှင့် တိရစ္ဆာန်အရိုးပေါ် ရေးထိုးထားသောစာသည် သမိုင်းစာတမ်းတွင် ဖော်ပြခဲ့သည့် ရှန်မင်းဆက်၏ တည်ရှိခြင်းကို တိုက်ရိုက် သက်သေပြနိုင်သဖြင့် တရုတ်နိုင်ငံမှ စာသားဖြင့် သမိုင်းကို မှတ်တမ်းတင်သောအချိန် နှစ် ၁၀၀၀ခန့် စောလာကြောင်း မိတ်ဆက်ပြောကြားခဲ့ကြပါသည်။ ယခုအထိ လိပ်ခွံနှင့် တိရစ္ဆာန်အရိုးပေါ် ရေးထိုးထားသောစာ အချပ် ၁သိန်း၅သောင်းခန့် ရှာဖွေတွေ့ရှိခဲ့ပြီး သိပ္ပံနည်းပညာဖြင့် တူးဖော်ခဲ့သည့် လိပ်ခွံနှင့်တိရစ္ဆာန်အရိုးပေါ် ရေးထိုးထားသောစာ အချပ် ၃သောင်း ၅ထောင်ကျော် ရှိပါသည်။

Yinxu သည် ရှန်မင်းဆက်၏ မြို့တော်အကြွင်းအကျန်ဖြစ်ပြီး တရုတ်နိုင်ငံ ဟိုနန်ပြည်နယ် အန်းယန်မြို့တွင် တည်ရှိပါသည်။