ဖူကူရှီမာ နျူကလီးယားရေညစ်ထုတ်လွှတ်မှု အစီအစဉ်၏ ဘေးကင်းလုံခြုံမှုကို IAEAက စစ်ဆေးသုံးသပ်မည်

(GMT+08:00)2022-11-10 17:17:57  

    သက်ဆိုင်ရာ နိုင်ငံတကာလုံခြုံရေးစံနှုန်းအရ ဖူကူရှီမာအမှတ်-၁ နျူကလီးယား လျှပ်စစ်ဓာတ်အား ပေးစက်ရုံ၏ ရေညစ်ထုတ်လွှတ်မှုအစီအစဉ်ကို စစ်ဆေးသုံးသပ်မည်ဟု ဒေသစံတော်ချန် နိုဝင်ဘာလ ၉ ရက်နေ့က IAEAက ထုတ်ပြန်ကြေညာခဲ့ပါသည်။ လုပ်ငန်းအဖွဲ့က နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ တိုကျိုမြို့တွင် ဂျပန်အရာရှိများနှင့် တွေ့ဆုံပြီး ဖူကူရှီမာအမှတ်-၁ နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်စစ်ဆေးမည်ဖြစ်ကြောင်း၊ လက်ရှိတွင် IAEA ပညာရှင်များက ဖူကူရှီမာအမှတ်-၁ နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံအနီးတစ်ဝိုက်ရှိ ပင်လယ်ရေ၊ အဏ္ဏဝါအနည်အနှစ်များနှင့် ငါး နမူနာများကို လေ့လာလျက်ရှိကြောင်း သတင်းရရှိ ပါသည်။