ထျန်းကျိုးအမှတ်-၅ (Tianzhou-5) ကုန်တင်အာကာသယာဉ်ကို မကြာမီကာလအတွင်း ရက်တစ်ရက်ကို ရွေးချယ်ပြီး လွှတ်တင်မည်

(GMT+08:00)2022-11-10 17:21:23  

နိုဝင်ဘာလ ၉ ရက်နေ့တွင် ပေါင်းစည်းထားသော ထျန်းကျိုးအမှတ်-၅ (Tianzhou-5) ကုန်တင်အာကာသယာဉ် နှင့် Long March-7 Yao-6 သယ်ဆောင်ရေး ဒုံးပျံတို့ကို လွှတ်တင်ရာနေရာသို့ ပို့ဆောင်ခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ လူပါအာကာသ အင်ဂျီနီယာရုံးမှ ထုတ်ပြန်သောသတင်းကိုကိုးကား၍ China Media Group က ရေးသားဖော်ပြပါသည်။

လက်ရှိအချိန်တွင် ဝင်ချန်း အာကာသ လွှတ်တင်ရေးစခန်း၏ အဆောက်အအုံနှင့် စက်ပစ္စည်းများသည် အခြေအနေ ကောင်းမွန်နေပါသည်။ လွှတ်တင်ခြင်းမပြုမီ သက်ဆိုင်ရာ စစ်ဆေးမှုများနှင့် ပူးတွဲစမ်းသပ်မှုများကို ဆောင်ရွက်သွားမည် ဖြစ်ပြီး မကြာမီကာလအတွင်း ရက်တစ်ရက်ကို ရွေးချယ်ကာ လွှတ်တင်ရန် စီစဉ်ထားပါသည်။