ထျန်ကျင်းမြို့အခြေစိုက် AirbusFinal Assemblyကုမ္ပဏီသည် A321 အမျိုးအစားလေယာဉ်ကို စတင်ထုတ်လုပ်

(GMT+08:00)2022-11-10 17:20:06  

နိုဝင်ဘာလ ၉ ရက်နေ့က တရုတ်နိုင်ငံ ထျန်ကျင်းမြို့အခြေစိုက် AirbusFinal Assembly ကုမ္ပဏီသည် ပထမဆုံး A321 အမျိုးအစားလေယာဉ်ကို စတင် ထုတ်လုပ်ကြောင်း ကြေညာခဲ့ပါသည်။

ထျန်ကျင်းမြို့အခြေစိုက် AirbusFinal Assemblyကုမ္ပဏီကို ၂၀၀၈ ခုနှစ်က ဖွဲ့စည်းတည်ထောင်ပြီး ပြင်သစ်နိုင်ငံ Toulouse နှင့် ဂျာမဏီနိုင်ငံ Hamburg ပြီးနောက် Airbus ၏ တတိယမြောက် Final Assemblyကုမ္ပဏီ ဖြစ်သကဲ့သို့ ဥရောပတိုက်မှအပ ပထမဆုံး Final Assemblyကုမ္ပဏီလည်း ဖြစ်ပါသည်။ ၂၀၂၂ခုနှစ် စက်တင်ဘာလက ၄င်း Final Assemblyကုမ္ပဏီမှတစ်ဆင့် တပ်ဆင်ထားသော အစင်း အမှတ်၆၀၀ လေယာဉ်ကို China Eastern လေကြောင်းကုမ္ပဏီသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။