ဟိုင်နန်ပြည်နယ် တန်းကျိုးမြို့တွင် ဒီရေတောများသည် အိုအေစစ်အဖြစ် ပြောင်းလာပြီး စိမ့်မြေ၌ ဗျိုင်း များလာ

(GMT+08:00)2022-11-10 17:28:01  

ယခုတလော တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် တန်းကျိုးမြို့ ရှင်းယင်း ဆားမြေစိမ့်မြေ၌ လူစိုက်ထားသော ဒီရေတောသည် ကျေနပ်ဖွယ်ရာ ကြီးထွားရှင်သန်လာပြီး ရေငှက်များစွာ ဤနေရာ၌ ပျံသန်း ကျက်စားကြပါသည်။ ယခုနှစ်များအတွင်း ဂေဟပတ်ဝန်းကျင်ကို ကောင်းမွန်တိုးတက်စေပြီး ငှက်များ၏ နေထိုင်ရာနေရာကို ကာကွယ်ထိန်းသိမ်းရန်အတွက် ဒေသခံများသည် ရှင်းယင်း ဆားမြေ ဒီရေတော ပြန်လည်ဖြစ်လာရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။ ဒီရေတော လူစိုက်ပျိုးသောနည်းဖြင့် အတိတ်က ဒီရေတောများသည် အိုအေစစ်အဖြစ် ပြောင်းလဲလာပါသည်။ ရေငှက်များ၊ ဂဏန်းများကို ဆွဲဆောင်ကာ စိမ့်မြေ ဇီဝမျိုးစုံမျိုးကွဲများ တစ်နေ့တခြား ပေါကြွယ်ဝလာပါသည်။