၂၀၂၂ခုနှစ် ကမ္ဘာ့အင်တာနက်ညီလာခံ စက္ကူပြာစာတမ်း ထုတ်ပြန်

(GMT+08:00)2022-11-10 17:19:28  

နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက တရုတ်ဆိုက်ဘာစပေ့စ် သုတေသန ဌာနသည် ၂၀၂၂ ခုနှစ် တရုတ်အင်တာနက် ဖွံ့ဖြိုးတိုးတက်ရေးအစီရင်ခံစာနှင့် ၂၀၂၂ခုနှစ် ကမ္ဘာ့အင်တာနက် ဖွံ့ဖြိုးတိုးတက်ရေးအစီရင်ခံစာ စက္ကူပြာစာတမ်းကို ၂၀၂၂ခုနှစ် ကမ္ဘာ့အင်တာနက်ညီလာခံ Wuzhen ထိပ်သီးအစည်းအဝေးတွင် ထုတ်ပြန်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ်မှစ၍ ၄င်းစက္ကူပြာစာတမ်းကို ၆နှစ်ဆက်တိုက် တစ်ကမ္ဘာလုံးထံသို့ ထုတ်ပြန်ခဲ့ပြီဖြစ်ပြီး ကမ္ဘာ့အင်တာနက်ညီလာခံ၏ အရေးကြီးသော အကြောင်းအရာတစ်ခုဖြစ်လာပါသည်။

စက္ကူပြာစာတမ်းကို တရုတ်ဆိုက်ဘာစပေ့စ် သုတေသနဌာနက ဦးဆောင်ပြီး ပြည်တွင်းပြည်ပ အင်တာနက် နယ်ပယ်မှ အဆင့်မြင့် တတ်သိပညာရှင်များအဖွဲ့၊ သုတေသနဌာနများ ပါဝင်ကာ ရေးသားပြုစုသော အရေးကြီးသည့် သုတေသနပြုမှု တစ်ရပ် ဖြစ်ပါသည်။ စက္ကူပြာစာတမ်းတွင် အင်တာနက်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေသစ်၊ အောင်မြင်မှုသစ်များကို ဖော်ပြပြီး ပြည်တွင်းပြည်ပမှ အာရုံစိုက်မှု ခံရပါသည်။

      စက္ကူပြာစာတမ်းတွင် တရုတ်နိုင်ငံ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသနှင့် ဗဟိုမှ တိုက်ရိုက်အုပ်ချုပ်သော မြို့ ၃၁ ခု၏ အင်တာနက်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို အကဲဖြတ်ပြီး ကွမ်တုံး၊ ပီကင်း၊ ကျန်းစူး၊ ကျဲ့ကျန်း၊ ရှန်ဟိုင်း၊ စန်းတုံး၊ ထျန်ကျင်း၊ စီချွမ်း၊ ဖူကျန့်နှင့် ဟူပေတို့၏ အင်တာနက်ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်းသည် တစ်နိုင်ငံလုံး ရှေ့တန်း နေရာတွင် တည်ရှိကြောင်း ဖော်ပြထားပါသည်။

စက္ကူပြာစာတမ်းတွင် ကမ္ဘာ့အင်တာနက် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကိုလည်း ပေါင်းရုံးသုံးသပ်ပြီး ရှုပ်ထွေးသော နိုင်ငံတကာပတ်ဝန်းကျင်တွင် နိုင်ငံအသီးသီး တို့သည် တက်တက်ကြွကြွ ရှာဖွေလေ့လာပြီး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးကာ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရန် နည်းလမ်းသစ်၊ တိုးတက်မှုသစ်နှင့် အကျိုးရလဒ်သစ်များကို ဖော်ပြထားပါသည်။