အမေရိကန်သည် "အမျိုးသား အဆင့်မြင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်" ကို ယူကရိန်းသို့ ပေးအပ်ခဲ့

(GMT+08:00)2022-11-10 17:19:00  

"အမျိုးသား အဆင့်မြင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံစနစ်" ၂ စုံကို ယူကရိန်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ ယခုလ ၈ ရက်နေ့က အတည်ပြုခဲ့သည်ဟု ယူကရိန်းမီဒီယာများမှ သတင်းအရ သိရသည်။ ယူကရိန်း လက်နက်ကိုင် တပ်ဖွဲ့များသည် အမေရိကန်မှ လွှဲပြောင်းပေးအပ်ခဲ့သော "အမျိုးသား အဆင့်မြင့် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်စနစ်"ကို အသုံးပြုနေပြီဖြစ်ပြီး၊ ဝန်ထမ်းရေးရာ လေ့ကျင့်မှုများကိုလည်း ဥရောပတိုက်တွင် ပြုလုပ်နေပြီဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ ဖော်ပြခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။