တရုတ်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် လက်တွေ့ကျသော ဆောင်ရွက်သူ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2022-11-10 17:20:42  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် လက်တွေ့ကျသော ဆောင်ရွက်သူ ဖြစ်ကြောင်း နိုဝင်ဘာလ ၉ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သက်ဆိုင်ရာ မေးမြန်းချက်ကို ဖြေကြားရာတွင် ပြောကြားခဲ့ပါသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင် ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ၏ ၂၇ကြိမ်မြောက် အစည်းအဝေး နှင့် ၂၆ကြိမ်မြောက် အစည်းအဝေး၏ သဘာပတိနိုင်ငံသည် လွတ်လပ်သော ကျွမ်းကျင်သူအဖွဲ့အား ပူးတွဲအစီရင်ခံစာ ရေးသားပြုစုရန် ခန့်အပ်ပြီး ကမ္ဘာကြီးပူနွေးလာမှုကို တားဆီးရန်နှင့် ရင်ဆိုင်ရန် ဖွံ့ဖြိုးဆဲနိုင်ငံများအား နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀၀ ထောက်ပံ့ရန် ပန်ကြားခဲ့ပါသည်။ ယင်းနှင့်ပတ်သက်ပြီး ကျောက်လိကျန်းက လက်ရှိ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်သည် ကြီးမားသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး ဖွံ့ဖြိုးဆဲနိုင်ငံများသည် ရာသီဥတုပြောင်းလဲမှုကြောင့် အကြီးမားဆုံးသော နစ်နာဆုံးရှုံးမှု ခံရသူများ ဖြစ်ကြကြောင်း ပြောကြားခဲ့ပါသည်။