လီခေ့ချန်နှင့် ဟွန်ဆန်တို့ တွေ့ဆုံဆွေးနွေး

(GMT+08:00)2022-11-10 17:17:33  

နိုဝင်ဘာလ ၉ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် ဖနွမ်းပင်မြို့၌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

လီခေ့ချန်က ကမ္ဘောဒီးယားနိုင်ငံသည် ကိုယ့်နိုင်ငံအခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေး လမ်းကြောင်းကို ရွေးချယ်ပြီး နိုင်ငံတကာနှင့်ဒေသဆိုင်ရာ အရေးကိစ္စများတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း၊ ကမ္ဘောဒီးယားနှင့် အဆင့်မြင့် ကူးလူးဖလှယ်မှု အရှိန်အဟုန်မြှင့်တင်ပြီး အချင်းချင်း အမြုတေ အကျိုးစီးပွားနှင့် အလေးထားကြသော ပြဿနာများနှင့်ပတ်သက်၍ အပြန်အလှန် ထောက်ခံအားပေးကာ နှစ်နိုင်ငံ ဆက်ဆံမှု ဆက်တိုက်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ပြီး နှစ်နိုင်ငံ ပြည်သူများ၏ ချမ်းသာသုခမှုအတွက် လက်တွဲ ကြိုးပမ်းသွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

ဟွန်ဆန်က ကမ္ဘောဒီးယားနိုင်ငံအနေနှင့် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူဝါဒကို ပြတ်ပြတ် သားသား စွဲကိုင်ထားပြီး ကမ္ဘောဒီးယား-တရုတ် ကံကြမ္မာအသိုက်အဝန်းကို အတူတကွတည်ဆောက်ရန် ထောက်ခံကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ လယ်ယာစိုက်ပျိုးမှု၊ အခြေခံအဆောက်အအုံနှင့် လူမှုယဉ်ကျေးမှု စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွကများ အားသစ်လောင်းပေးရန်၊ ဘက်ပေါင်းစုံမူဘောင်အောက်တွင် ညှိနှိုင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ နှစ်နိုင်ငံ ဆက်ဆံမှု နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။