တရုတ်ကုမ္ပဏီများသည် အာဖရိကတွင် ရထားလမ်း ကီလိုမီတာတစ်သောင်းကျော် တည်ဆောက်ပြီးပြီဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2022-11-09 14:25:16  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို စတင်တည်ထောင်ချိန်ကတည်းက တရုတ်ကုမ္ပဏီများသည် အာဖရိကတွင် ရထားလမ်း ကီလိုမီတာတစ်သောင်းကျော်၊ လမ်းမကြီး ကီလိုမီတာ တစ်သိန်းနီးပါး၊ တံတား တစ်ထောင် နီးပါး၊ ဆိပ်ကမ်း တစ်ရာအပြင် ဆေးရုံနှင့် ကျောင်း အများအပြားကို တည်ဆောက်ပြီးစီးခဲ့ကြောင်း နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်ရာမေးမြန်းချက်ကို ဖြေကြားရာတွင် မိတ်ဆက်ခဲ့ပါသည်။

      လက်ရှိအချိန်တွင် တရုတ်ကုမ္ပဏီက တည်ဆောက်ထားသော တန်ဇန်းနီးယား ဝါမီ တံတားသစ်ကြီးကို အောင်မြင်စွာ တည်ဆောက်ပြီး စတင်ပြေးဆွဲနိုင်ခဲ့ပါသည်။ သက်ဆိုင်ရာမေးမြန်းချက်ကို ဖြေကြားရာတွင် ကျောက်လိကျန်းက ဝါမီ တံတားသစ်ကြီးသည် တန်ဇန်းနီးယားနိုင်ငံ၏ အဓိက နိုင်ငံတော် မဟာဗျူဟာစီမံကိန်း တစ်ခုဖြစ်သည့်အနေနှင့် တန်ဇန်းနီးယားနိုင်ငံ ဒေသအသီးသီး၏ ပေါင်းစပ်ပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးတိုးတက်မှု မြှင့်တင်ရေးအတွက် အလွန်အရေးကြီးပါကြောင်း ပြောကြားခဲ့သည်။