ရုရှားရေနံကို ဆက်လက်ဝယ်ယူမည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပြောကြား

(GMT+08:00)2022-11-09 15:51:35  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၈ရက်နေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov သည် အလည်အပတ်ရောက်ရှိနေသော အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar နှင့် မော်စကိုမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ယင်းသည် ရုရှား-ယူကရိန်း အချင်းပွားမှုဖြစ်ပွားပြီးနောက် အိန္ဒိယနိုင်ငံမှ အဆင့်မြင့်အရာရှိအနေနှင့် ရုရှားသို့ ပထမဆုံးအကြိမ် ခရီးလှည့်လည်ခြင်း ဖြစ်ကြောင်း၊ တွေ့ဆုံပွဲအပြီး ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီး Subrahmanyam Jaishankar က အိန္ဒိယနိုင်ငံသည် ရုရှားရေနံကို ဆက်လက်ဝယ်ယူမည်ဟု ပြောကြားခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။