ကမ္ဘာ့လူဦးရေ ၈ ဘီလီယံအထိ တိုးများလာမည်

(GMT+08:00)2022-11-09 15:49:17  

ကုလသမဂ္ဂ " ၂၀၂၂ခုနှစ် ကမ္ဘာ့လူဦးရေမျှော်မှန်းချက် " အစီရင်ခံစာတွင် နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ကမ္ဘာ့လူဦးရေသည် ၈ ဘီလီယံအထိ တိုးများလာမည်ဖြစ်ကြောင်း၊ ဤအရေအတွက် သည် လာမည့် ဆယ်စုနှစ် ၃-၄ဆယ် အတွင်း ဆက်လက်တိုးများလာမည် ဖြစ်သော်လည်း အရှိန်နှေးကွေးမည် ဖြစ်ပြီး ဒေသဆိုင်ရာ ကွဲပြားမှု ရှိမည်ဖြစ်ကြောင်း ခန့်မှန်းဖော်ပြထားပါသည်။ ၄င်းအစီရင်ခံစာတွင် အိန္ဒိယနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် လူဦးရေအများဆုံးနိုင်ငံ ဖြစ်လာမည် ဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်တွင် ၁.၇ ဘီလီယံအထိ တိုးများလာမည်ဟု ခန့်မှန်းဖော်ပြထားပါသည်။