လီခေ့ချန်သည် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ခေါင်းဆောင်များ အစည်းအဝေးများကို တက်ရောက်ရန်နှင့် ကမ္ဘောဒီးယားသို့ တရားဝင် လည်ပတ်ရန် ပီကင်းမှ ထွက်ခွာ

(GMT+08:00)2022-11-09 14:24:34  

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် နိုဝင်ဘာလ ၈ရက်နေ့တွင် အထူးလေယာဉ်ဖြင့် ပီကင်းမှ ထွက်ခွာပြီး ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ကာ ၂၅ ကြိမ်မြောက် တရုတ်-အာဆီယံ (၁၀+၁) ခေါင်းဆောင်များအစည်းအဝေး၊ ၂၅ ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား(10+3) ခေါင်းဆောင်များအစည်းအဝေးနှင့် ၁၇ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး (EAS)သို့ တက်ရောက်မည့်အပြင် ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင် အလည်အပတ် သွားရောက်မည်ဖြစ်ပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်၏ ဇနီးဖြစ်သူ ချန်ဟုန်၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးချုပ် ရှောင်းကျေနှင့် အခြားအဖွဲ့ဝင်များသည် ထို အထူးလေယာဉ်ဖြင့် ပီကင်းမှ ထွက်ခွာခဲ့ကြပါသည်။