အမေရိကန်သည် ၂၀၂၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပ

(GMT+08:00)2022-11-09 15:48:01  

၂၀၂၂ ခုနှစ် အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့က စတင်ကျင်းပခဲ့သည်။ တစ်ပြည်လုံး ပြည်နယ် ၅၀ နှင့် ဝါရှင်တန်ဒီစီတို့တွင် မဲရုံများ ရှေ့ဆင့်နောက်ဆင့်ဖွင့်လှစ်လိုက်သည်။ ယခုအကြိမ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါလီမန် အောက်လွှတ်တော် အမတ်နေရာ ၄၃၅ နေရာနှင့် အထက်လွှတ်တော်အမတ်နေရာ ၃၅ နေရာတို့ကို ပြန်လည် ရွေးချယ်တင်မြှောက်မည် ဖြစ်သည်။ နယူးယောက်၊ ကယ်လီဖိုးနီးယားနှင့် ဖလော်ရီဒါ စသည့် ပြည်နယ် ၃၆ ခုတွင် ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲများကို ကျင်းပသွားမည် ဖြစ်သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရသည်။

ယင်းသည် အမေရိကန် Capitol Hill အဓိကရုဏ်း ဖြစ်ပွားခဲ့သည့်နောက်ပိုင်းတွင် အမေရိကန်နိုင်ငံက ပထမဆုံးအကြိမ် ပြည်ထောင်စုရွေးကောက်ပွဲကို ကျင်းပခြင်း ဖြစ်သည် ဟု သတင်းအရ သိရသည်။