၂၀၂၂ခုနှစ် ကမ္ဘာ့အင်တာနက်ညီလာခံ Wuzhen ထိပ်သီးအစည်းအဝေး စတင် ကျင်းပ

(GMT+08:00)2022-11-09 15:42:35  

၂၀၂၂ခုနှစ် ကမ္ဘာ့အင်တာနက်ညီလာခံ Wuzhen ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလ ၉ရက်နေ့က တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် Wuzhenမြို့နယ်တွင် စတင်ကျင်းပပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး လီဆူလေသည် အစည်းအဝေးသို့ တက်ရောက်ပြီး သမ္မတရှီကျင့်ဖိန်၏ ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားကာ မိန့်ခွန်းပြောကြားခဲ့ပါသည်။

ထို ဂုဏ်ပြုသဝဏ်လွှာတွင် သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီးတို့နှင့် လက်တွဲကြိုးပမ်းပြီး ဒီဂျစ်တယ်အရင်းအမြစ် အတူတကွ တည်ဆောက်ရေးနှင့် အတူတကွမျှဝေခံစားရေး၊ ဒီဂျစ်တယ်စီးပွားရေး အရှိန်အဟုန် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီဂျစ်တယ်စီမံခန့်ခွဲရေး တိကျထိရောက်မှုရှိရေး၊ ဒီဂျစ်တယ် ယဉ်ကျေးမှု စည်ပင်ဝပြောရေး၊ ဒီဂျစ်တယ်လုံခြုံမှု အင်အားတောင့်တင်းစွာ အာမခံရေး၊ ဒီဂျစ်တယ် ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အကျိုးရရှိစေရေး ဆိုင်ရာ တစ်ကမ္ဘာလုံး ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတွင် ချီတက်ရန်၊ ဆိုက်ဘာစပေ့စ် ကံကြမ္မာအသိုက်အဝန်း အလျင်အမြန် တည်ဆောက်ရန်၊ ကမ္ဘာ့ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားတို့ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသိဉာဏ်နှင့် အင်အားကို ပေးစွမ်းရန်လိုကြောင်း အလေးထား ဖော်ပြထားပါသည်။