နောက်ဆုံးထုတ်သုတေသနရလဒ်အရ ဂျာမဏီနိုင်ငံသည် စွမ်းအင်အကျပ်အတည်းကြောင့် ယူရိုငွေ ဘီလီယံ(၁၁၀)နီးပါး ဆုံးရှုံးခဲ့ရ

(GMT+08:00)2022-11-09 15:51:01  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၈ရက်နေ့က ဂျာမဏီ Ifo စီးပွားရေး သုတေသနဌာနမှ နောက်ဆုံးထုတ် သုတေသနရလဒ်အရ စွမ်းအင်အကျပ်အတည်းကြောင့် ဂျာမဏီနိုင်ငံ၏ စီးပွားရေးနစ်နာဆုံးရှုံးမှု ယူရိုငွေ ဘီလီယံ(၁၁၀)နီးပါး ရှိပါသည်။

ယင်းသုတေသနဌာနမှ တွက်ချက်မှုအရ မြင့်မားသော စွမ်းအင်ဈေးနှုန်းကြောင့် ဂျာမဏီ နိုင်ငံသည် ၂၀၂၁ခုနှစ်တွင် ယူရိုငွေ (၃၅)ဘီလီယံ ဆုံးရှုံးခဲ့ရပြီး ၂၀၂၂ခုနှစ်တွင် ယူရိုငွေ (၆၄)ဘီလီယံ ဆုံးရှုံးခဲ့ရကာ ၂၀၂၃ခုနှစ်တွင်မူ ယူရိုငွေ (၉)ဘီလီယံ ထက်မနည်း ဆုံးရှုံးမည် ဖြစ်ကြောင်း၊ ယင်းသည် ၂၀ရာစု ၇၀ပြည့်နှစ်နှောင်းပိုင်း ဒုတိယအကြိမ် ရေနံအကျပ် အတည်း ဖြစ်ပွားပြီးနောက် အများဆုံး ဝင်ငွေဆုံးရှုံးမှု ဖြစ်ကြောင်း သိရှိရပါသည်။