ရှီကျင့်ဖိန်သည် INBAR အဖွဲ့ ထူထောင်ခဲ့သည့် ၂၅နှစ်မြောက်နှင့် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ Bamboo and Rattan အစည်းအဝေးထံသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

(GMT+08:00)2022-11-08 14:50:36  

နိုဝင်ဘာလ ၇ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် International Network for Bamboo and Rattan (INBAR) ထူထောင်ခဲ့သည့် ၂၅နှစ်မြောက်နှင့် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ Bamboo and Rattan အစည်းအဝေးထံသို့ ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ထိုသို့ဂုဏ်ပြုသဝဏ်လွှာတွင် သမ္မတ ရှီကျင့်ဖိန်က INBARအဖွဲ့ ထူထောင်ပြီးနောက် Bamboo and Rattan အရင်းအမြစ် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ကြိုးပမ်းနေကြောင်း၊ တစ်ကမ္ဘာလုံး ဂေဟပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်း၊ တရုတ်အစိုးရသည် INBAR အဖွဲ့နှင့်အတူ ကမ္ဘာ့ဖွံ့ဖြိုးရေးကမ်းလှမ်းချက်ကို လက်တွဲအကောင်အထည်ဖော်ပြီး “ပလတ်စတစ်အစား ဝါးကို အသုံးပြုခြင်း” ကမ်းလှမ်းချက်ကို အတူ တိုက်တွန်းကာ နိုင်ငံအသီးသီးတို့အား ပလတ်စတစ် ညစ်ညမ်းမှုကိုလျှော့ချရန် တွန်းအားပေးခဲ့ကြောင်း ဖော်ပြထားပါသည်။