တောင်ကိုရီးယားတွင် ရထားတစ်စင်း လမ်းချော်

(GMT+08:00)2022-11-08 14:46:46  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၇ရက်နေ့က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ Yeongdeungpo yeok ဘူတာရုံအနီး မီးရထားလမ်းပေါ်တွင် ရထားလမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး အလုပ်သမားများသည် ရထားလမ်း ပြန်လည်တည်ဆောက်နေကြောင်း သိရသည်။

တောင်ကိုရီးယားမီးသတ်ဌာနနှင့် ရထားပို့ဆောင်ရေးဌာနမှ သတင်းအရ ၆ရက်နေ့ ည ၈နာရီ ၅၃ မိနစ်တွင် ဆိုးလ်မြို့ရှိ Yeongdeungpo yeok ဘူတာအနီးတွင် လူပေါင်း ၂၇၅ဦး တင်ဆောင်လာသည့် Gyeongbu seon လိုင်းမှ ရထားတစ်စင်း လမ်းချော်သွားခဲ့ပြီး ၃၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။