ဟိုလန် Bisbosch အမျိုးသားဥယျာဉ်၏ အလှများကို ရှုစားကြရအောင်

(GMT+08:00)2022-11-08 14:49:20  

ဥရောပတိုက်ရှိ အဓိကမြစ်ကြီးနှစ်သွယ်ဖြစ်သော Rhine နှင့် Meuse ၏ မြစ်ဝတွင် ဟက်တာ ၈၀၀၀ ကျော် ကျယ်ဝန်းသော စိမ့်မြေတစ်ခု ရှိသည်။ ၎င်းသည် ဟိုလန် Bisbosch အမျိုးသား ဥယျာဉ်ဖြစ်ပါသည်။ မြစ်ကြောင်းများသည် ဝင်္ကပါကဲ့သို့ဖြစ်နေပြီး၊ ရေငှက်များနှင့် ဖျံများသည် သက်သောင့်သက်သာ ဖြစ်နေကာ ကြည်နူးစရာကောင်းသော သဘာဝရုပ်ပုံများကို တွေ့မြင်နိုင်ပါသည်။