၁၄ကြိမ်မြောက် စိမ့်မြေသဘောတူစာချုပ် စာချုပ်ဝင်နိုင်ငံများညီလာခံတွင် သမ္မတရှီကျင့်ဖိန်၏ ဗီဒီယိုမိန့်ခွန်းအပေါ် ပြည်တွင်းပြည်ပ ဧည့်သည်တော်များက တက်တက်ကြွကြွ တုံ့ပြန်ခဲ့

(GMT+08:00)2022-11-08 14:53:57  

၁၄ကြိမ်မြောက် စိမ့်မြေသဘောတူစာချုပ် စာချုပ်ဝင်နိုင်ငံများညီလာခံတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ဗီဒီယိုမိန့်ခွန်းအပေါ် ပြည်တွင်းပြည်ပ ဧည့်သည်တော်များက တက်တက်ကြွကြွ တုံ့ပြန်ခဲ့ပါသည်။ သမ္မတရှီကျင့်ဖိန်က မိမိတို့၏ နားလည်မှုကို နက်ရှိုင်းစေပြီး ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေကာ တစ်ကမ္ဘာလုံးဆိုင်ရာ စိမ့်မြေထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်မှု တွန်းအားပေးရန် ပူးတွဲဆောင်ရွက်ရမည်ဟု ပြောကြားခဲ့ကြောင်း၊ သမ္မတရှီကျင့်ဖိန်က ယင်းမိန့်ခွန်းထဲတွင် “တစ်ကမ္ဘာလုံးဆိုင်ရာ စိမ့်မြေထိန်းသိမ်းကာကွယ်ရေး သဘောတူညီမှုကို ခိုင်မာစေရေး၊ တစ်ကမ္ဘာလုံးဆိုင်ရာ စိမ့်မြေထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းစဉ်ကို တွန်းအားပေးရေးနှင့် စိမ့်မြေအား တစ်ကမ္ဘာလုံးရှိပြည်သူများအတွက် ပိုမို အကျိုးဖြစ်ထွန်းရန် တွန်းအားပေးရေး” ဟူသော အဆိုပြုချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ စိမ့်မြေထိန်းသိမ်း ကာကွယ်ရေး တိုးတက်မှုအတွက် သိပ္ပံနည်းကျစွာ လမ်းညွှန်ပေးခဲ့ကြောင်း အားလုံးက ပြောကြားခဲ့ပါသည်။