မက္ကဆီကိုတွင် ယခုနှစ် ပထမဆုံးအသုတ် ဆောင်းရာသီ ဘုရင်လိပ်ပြာများ ရောက်ရှိ

(GMT+08:00)2022-11-08 14:53:02  

 ကနေဒါနှင့် အမေရိကန်နိုင်ငံတို့မှ ရွှေ့ပြောင်းလာသော ပထမဆုံးအသုတ် ဘုရင်လိပ်ပြာ(Monarch butterfly)များသည် မက္ကဆီကိုနိုင်ငံရှိ သစ်တောများအတွင်း ရောက်ရှိခဲ့ပြီး နောက်ထပ် လိပ်ပြာအုပ်စု အများအပြားလည်း လာမယ့် သီတင်းပတ် ၃-၄ ပတ်အတွင်း ရောက်လာမည်ဖြစ်ကာ ဘုရင်လိပ်ပြာများ၏ တစ်နှစ်တစ်ကြိမ် ဆောင်းဦးရာသီ ပါတီကြီးဖြစ်လာမည်ဟု မက္ကဆီကို သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ၅ ရက်နေ့က ပြောကြားခဲ့ကြောင်း၊ ကမ္ဘာ့သဘာဝထိန်းသိမ်းရေးသမဂ္ဂသည် ယခုနှစ် ဇူလိုင်လတွင် ရွှေ့ပြောင်းသည့် ဘုရင်လိပ်ပြာကို မျိုးသုဉ်းပျောက်ကွယ်လုနီးပါးမျိုးစိတ်များ အနီရောင်အမည်စာရင်းတွင် ထည့်သွင်းခဲ့ပြီး  ၎င်းကို "မျိုးသုဉ်းရန်အန္တရာယ်" ဟု အဆင့်သတ်မှတ်ခဲ့သည်။