ဗြိတိန်သည်Chagos ကျွန်းစု၏ အချုပ်အခြာ အာဏာပိုင်ခွင့်နှင့် ပတ်သက်၍ မော်ရစ်ရှနှင့် ဆွေးနွေးရန် ဆန္ဒရှိလျှင် Falkland ကျွန်းစု၏ အချုပ်အခြာ အာဏာပိုင်ခွင့်နှင့် ပတ်သက်၍ အာဂျင်တီးနားနှင့် ဆွေးနွေးသင့်

(GMT+08:00)2022-11-08 14:55:31  

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly က ဗြိတိန်နိုင်ငံနှင့် မောရစ်ရှ နိုင်ငံတို့သည် Chagos ကျွန်းစု၏ အချုပ်အခြာ အာဏာပိုင်ခွင့်နှင့် ပတ်သက်၍ ဆွေးနွေးပွဲ ကျင်းပရန် ဆုံးဖြတ်လိုက်ကြောင်း၊ လာမည့်နှစ်ဆန်းတွင် သဘောတူညီမှု ရရှိရန် မျှော်လင့်ကြောင်း မကြာမီက ပြောကြားခဲ့ပါသည်။ ၄င်းပြောဆိုချက်သည် Chagos ကျွန်းစု၏ အချုပ်အခြာ အာဏာပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုကို ကိုင်တွယ် ဖြေရှင်းရန် အရေးကြီးသော ခြေလှမ်းတစ်လှမ်းဖြစ်သည်ဟု လူအများက ယူဆကြ ပါသည်။ သို့သော်လည်း ဗြိတိန်နိုင်ငံသည် Chagos ကျွန်းစု၏ အချုပ်အခြာ အာဏာပိုင်ခွင့်နှင့် ပတ်သက်၍ ဆွေးနွေးရန် ဆန္ဒရှိလျှင် ယခုအထိ တရားမဝင် ကျူးကျော်နေသော Falkland ကျွန်းစုကို မေ့၍ မရပါ။ Falkland ကျွန်းစု၏ အချုပ်အခြာ အာဏာပိုင်ခွင့်နှင့် ပတ်သက်၍ အာဂျင်တီးနားနိုင်ငံနှင့် ဆွေးနွေးသင့် ပါသည်။

ဗြိတိန်နိုင်ငံသည် ပင်လယ်ရပ်ခြားတွင် ကိုလိုနီနယ်မြေ အများဆုံး ပိုင်ဆိုင်သော ဥရောပအင်အားကြီးနိုင်ငံ ဖြစ်ခဲ့ဖူးပါသည်။ မတူညီသော သမိုင်းအချိန်ကာလတွင် တစ်ကမ္ဘာလုံးရှိ နိုင်ငံရာခိုင်နှုန်း ၉၀ခန့်ကို ကျူးကျော် ခဲ့ပါသည်။ Chagos ကျွန်းစုရောFalkland ကျွန်းစုပါ ကိုလိုနီခေတ်က ဗြိတိန်နိုင်ငံ၏ ကြွေးမြီ ဖြစ်ပြီး ယခင်က “နေမဝင်အင်ပါယာ”၏ ကိုလိုနီပြစ်မှုကျူးလွန်မှုများကို သက်သေပြနိုင်ပါသည်။

နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖိအားပေးမှုကြောင့် ဗြိတိန်နိုင်ငံသည်Chagos ကျွန်းစု၏ အချုပ်အခြာ အာဏာပိုင်ခွင့်နှင့် ပတ်သက်၍ ဆွေးနွေးရန် ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ဗြိတိန်နိုင်ငံ၏ အင်အားနှင့် တစ်ကမ္ဘာလုံး သြဇာလွှမ်းမိုးမှုကျဆင်းလာခြင်းကို ပြဆိုနိုင်ပါသည်။ တစ်ချိန်တည်းတွင် ၄င်းမှာ ဗြိတိန်နိုင်ငံ ပြည်တွင်းပဋိပက္ခ ကြီးထွားလာခြင်းနှင့်လည်း သက်ဆိုင်ပါသည်။

မည်ကဲ့သို့ပင်ဖြစ်စေ ဗြိတိန်နိုင်ငံသည် ကိုလိုနီဝါဒ၏ ကြွေးမြီ ကို ပြန်ဆပ်သင့် ပါသည်။ ဗြိတိန်နိုင်ငံသည် မော်ရစ်ရှနိုင်ငံနှင့် ဆွေးနွေးပွဲ ကျင်းပရန် ကြေညာခဲ့သည့် နောက် အာဂျင်တီးနားနိုင်ငံသည်လည်း ဗြိတိန်နိုင်ငံအား Falklandကျွန်းစု၏ အချုပ်အခြာ အာဏာပိုင်ခွင့်နှင့် ပတ်သက်၍ ဆွေးနွေးပွဲ ပြန်လည်ကျင်းပရန် ထပ်မံ တောင်းဆိုခဲ့ပါသည်။

Chagos ကျွန်းစုကဲ့သို့ Falkland ကျွန်းစုသည် ဗြိတိန်ကိုလိုနီခေတ်က ကြွေးမြီလည်းဖြစ်ပါသည်။

လက်ရှိအချိန်တွင် ဗြိတိန်နိုင်ငံသည် မော်ရစ်ရှနိုင်ငံနှင့် Chagos ကျွန်းစု၏ အချုပ်အခြာ အာဏာပိုင်ခွင့်နှင့် ပတ်သက်၍ ဆွေးနွေးပွဲ ကျင်းပရန် ထုတ်ဖော် ပြောကြားခြင်းမှာ ကုလသမဂ္ဂဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ခြင်း ဖြစ်သကဲ့သို့ နိုင်ငံတကာအသိုင်းအဝိုင်းမှ ကိုလိုနီဝါဒ ဆန့်ကျင်မှုတွင် ရရှိခဲ့သည့် တိုးတက်မှုလည်း ဖြစ်ပါသည်။ ၄င်းမှာ အစပြုခြင်း ဖြစ်ပါသည်။ ယနေ့အထိ တစ်ကမ္ဘာလုံးရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရဘဲ ကိုလိုနီစီမံအုပ်ချုပ်မှုကို ခံနေရသော ၁၇နေရာအနက် ၁၀နေရာကို ဗြိတိန်နိုင်ငံမှ စီမံအုပ်ချုပ်နေပါသည်။ ဗြိတိန်နိုင်ငံသည် မော်ရစ်ရှနိုင်ငံနှင့် Chagos ကျွန်းစု၏ အချုပ်အခြာ အာဏာပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုကိုကိုင်တွယ်ဖြေရှင်းရန် ဆွေးနွေးလိုသည့်အပြင် အာဂျင်တီးနားနိုင်ငံ၏ ဆွေးနွေးပွဲ ကျင်းပရန် တောင်းဆိုချက်ကိုလည်း တက်တက်ကြွကြွ တုံ့ပြန်လိုပါသည်။ Falkland ကျွန်းစုကို အာဂျင်တီးနားနိုင်ငံရင်ခွင်သို့ အလျင်အမြန် ပြန်လည်ရောက်ရှိ စေပါသည်။ ၂၁ ရာစုနှစ်တွင် ကိုလိုနီဝါဒနှင့် ဗိုလ်ကျစိုးမိုးမှုဝါဒ ကျင့်သုံးရန် မရတော့ပါ။ နှစ်ပေါင်းများစွာ ကိုလိုနီ ကြွေးမြီကို ဗြိတိန်နိုင်ငံသည် ပြန်ဆပ်သင့် ပါသည်။