အရပ်အမြင့်ဆုံးအမျိုးသမီး ခရီးသွားနိုင်ရန် လေကြောင်းကုမ္ပဏီသည် လေယာဉ်ကို ပြန်လည်မွမ်းမံ

(GMT+08:00)2022-11-08 14:52:13  

ကမ္ဘာ့အရပ်အမြင့်ဆုံးအမျိုးသမီး Rumeysa Gelgiသည် မကြာခင်ရက်များက ပထမဆုံးအကြိမ်အဖြစ် လေယာဉ်ဖြင့် ခရီးထွက်ခဲ့သည်။ ၄င်းကို လေယာဉ်ပေါ်သို့ ချောမွေ့စွာ တက်နိုင်စေရန်အတွက် လေကြောင်းကုမ္ပဏီသည် ထိုင်ခုံ ၆ ခုကို ဖယ်ရှား ခဲ့သည်။ ၂၀၂၁ ခုနှစ်က Rumeysa Gelgiသည် အရပ်အမြင့် ၂.၁၅ မီတာဖြင့် ကမ္ဘာ့အရပ်အမြင့်ဆုံး အသက်ရှင်အမျိုးသမီးအဖြစ် ဂင်းနစ်မှတ်တမ်းမှ အသိအမှတ်ပြု ခံရခဲ့သည်။