ပန်းချီကဲ့သို့ လှပသာယာသော လားလူ စိမ့်မြေ

(GMT+08:00)2022-11-08 14:51:36  

မကြာခင်ရက်များက ရာသီဥတု တဖြည်းဖြည်းနှင့် ချမ်းအေးလာသည်နှင့်အမျှ ရှီးဇန့် ဇန့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ လာဆာမြို့ အနောက်မြောက်ပိုင်းဒေသရှိ လားလူစိမ့်မြေတွင် လှပပြီး ထူးခြားသော မြင်ကွင်းကို တွေ့ရပါသည်။ အကျယ်အဝန်း ၁၂ စတုရန်းကီလိုမီတာရှိသည့် ယင်း စိမ့်မြေကာကွယ်ရေးဇုန်သည် ချင်းဟိုင်-ရှီးဇန့် ကုန်းပြင်မြင့်ဒေသ မြို့ပြဇုန်ထဲက ရှားပါးသော မျိုးစိတ်ဗီဇ စုစည်းရာနေရာ ဖြစ်သည်။