စန်းတုန်းပြည်နယ် ယီယွမ်ခရိုင်တွင် တည်သီးအချောကိုင် အလုပ်များနေ

(GMT+08:00)2022-11-07 15:38:28  

ယခုရက်များတွင် စန်းတုန်းပြည်နယ် ဇီပေါ်မြို့ ယီယွမ်ခရိုင်သည် တည်သီးများ အချောကိုင်ခြင်းအတွက် အကောင်းဆုံးကာလသို့ ဝင်ရောက်လာသည်။ ဒေသခံ လယ်သမားများသည် သာယာသောရာသီဥတုကို အခွင့်ကောင်းယူပြီး ခူးဆွတ်ခြင်း၊ ခြစ်ခြင်းနှင့် အခြောက်လှန်းခြင်း စသည်တို့ကို လုပ်ကိုင်ကြသည်။ ယီယွမ်ခရိုင်ထွက် တည်သီးများသည် ပြည်တွင်းပြည်ပသို့ ရောင်းချခြင်းဖြစ်ပြီး၊ ဒေသခံလယ်သမားများ ဝင်ငွေတိုးပြီး ချမ်းသာလာစေရန်အတွက် ထူးခြားသောလယ်ထွက်ကုန်တစ်မျိုး ဖြစ်လာသည်။