တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးမှ “ဆိုက်ဘာစပေ့စ် ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲတည်ဆောက်ရေး” စက္ကူဖြူစာတမ်းကို ထုတ်ပြန်

(GMT+08:00)2022-11-07 15:39:39  

တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် ၇ရက်နေ့က “ဆိုက်ဘာ စပေ့စ် ကံကြမ္မာအသိုက်အဝန်းကို လက်တွဲတည်ဆောက်ရေး” စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းစက္ကူဖြူစာတမ်းတွင် ခေတ်သစ် တရုတ်နိုင်ငံ အင်တာနက် ဖွံ့ဖြိုးတိုးတက်ရေး၊ စီမံအုပ်ချုပ်ရေးအတွေးအခေါ် နှင့် အတွေ့အကြုံများကို မိတ်ဆက်ပေးပြီး တရုတ်နိုင်ငံမှ ဆိုက်ဘာစပေ့စ် ကံကြမ္မာအသိုက်အဝန်းကို တည်ဆောက်ရန် ရရှိသော အောင်ကျိုးရလဒ်များကို မျှဝေကာ ဆိုက်ဘာစပေ့စ် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ရှေ့အလားအလာကို မျှော်မှန်းပါသည်။

ယင်းစက္ကူဖြူစာတမ်း၌ အင်တာနက်ကို ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ပြီး အသုံးပြုကာ  စီမံခန့်ခွဲရန်၊ အင်တာနက်ကို လူသားတို့အတွက် သုခချမ်းသာမှု ဖန်တီးပေးရန်မှာ  နိုင်ငံတကာမိသားစုကြီး၏ ဘုံတာဝန်ဝတ္တရားဖြစ်သည်ဟု ဖော်ပြပါသည်။