၁၄ကြိမ်မြောက် တရုတ်နိုင်ငံတကာ လေကြောင်းနှင့် အာကာသပြပွဲတွင် အဆင့်မြင့်ပြီး ခေတ်မီဆန်းပြားသော ပစ္စည်းများနှင့် ပြည့်နေ

(GMT+08:00)2022-11-07 14:51:10  

ယခုလ ၆ ရက်နေ့က တရုတ် ကွမ်တုန်း ကျူးဟိုင်မြို့တွင် ကျင်းပသည့် ၁၄ကြိမ်မြောက် တရုတ်နိုင်ငံတကာ လေကြောင်းနှင့် အာကာသပြပွဲတွင် ပြသသော တရုတ်အာကာသစခန်း ပုံတူသည် ကြည့်ရှုသူအများအပြားကို ဆွဲဆောင်ခဲ့သည်။ ယခုအကြိမ် ပြပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၃ရက်နေ့အထိ တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ကျူးဟိုင်မြို့ နိုင်ငံတကာလေကြောင်းနှင့်အာကာသပြပွဲစင်တာတွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံနှင့်ဒေသပေါင်း ၄၃ ခု မှ ကုမ္ပဏီ ၇၄၀ ကျော်၊ လေယာဉ် အစင်း ၁၁၀ ကျော်ကို ပါဝင်ပြသရန် ဆွဲဆောင်ခဲ့ကြောင်း သိရပါသည်။