တရုတ်-မဒါဂတ်စကာ သံတမန်အဆက်အသွယ်ထားရှိသည့် နှစ် ၅၀ ပြည့်မြောက် နှစ်အတွက် ရှီကျင့်ဖိန်နှင့် မဒါဂတ်စကာသမ္မတတို့ ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန် ပေးပို့

(GMT+08:00)2022-11-07 14:52:56  

တရုတ်-မဒါဂတ်စကာ နှစ်နိုင်ငံသံတမန်အဆက်အသွယ်ထားရှိသည့် နှစ် ၅၀ ပြည့်မြောက်နှစ်ကို ဂုဏ်ပြုသည့်အနေနှင့် နိုဝင်ဘာလ ၆ ရက်နေ့က တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်နှင့် မဒါဂတ်စကာနိုင်ငံသမ္မတ Andry Rajoelina တို့သည် ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန် ပေးပို့ခဲ့သည်။

နှစ်နိုင်ငံသံတမန်အဆက်အသွယ်ထားရှိသည့် နှစ် ၅၀အတွင်း နိုင်ငံတကာ အခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်-မဒါဂတ်စကာဆက်ဆံမှုသည် အမြဲတမ်း ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးလာကြောင်း၊ မကြာခင်နှစ်များအတွင်း နှစ်နိုင်ငံသည် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု ထားရှိပြီး နိုင်ငံရေး ဘက်တွင် အပြန်အလှန် ယုံကြည်မှု ပိုမိုခိုင်မာလာကာ နယ်ပယ်အသီးသီးမှ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အောင်ကျိုးရလဒ် များစွာရရှိနေပြီ ဖြစ်ကြောင်း ရှီကျင့်ဖိန်က ဆိုသည်။

မဒါဂတ်စကာဘက်အနေနှင့် ပိုမိုရင်းနှီးသော မဒါဂတ်စကာ-တရုတ် ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်ရန် တရုတ်ဘက်နှင့်အတူလက်တွဲ ကြိုးပမ်းဆောင်ရွက်လိုကြောင်း Rajoelinaက ဆိုသည်။